ရက်ရောစွာ/လှူဒါန်း/ရန် နှိုးဆော်/ခြင်း
8
ညီအစ်ကို/မောင်နှမတို့… မာကေဒေါနိပြည်/ရှိ အသင်းတော်များ/အား ဘုရားသခင်/ပြုတော်မူသော ကျေးဇူးတော်/အကြောင်း/ကို ကျွန်ုပ်တို့/သည် သင်တို့/အား သိစေလို၏။ 2 သူတို့/သည် ဆင်းရဲဒုက္ခများ/ကို အလူးအလဲ ခံခဲ့ကြရ၏။ သို့ရာတွင် သူတို့/သည် အလွန်/ပျော်ရွှင်ခဲ့ကြ/သဖြင့် အလွန်/ဆင်းရဲ/သော်လည်း ရက်ရောစွာ လှူဒါန်းကြ၏။3 သူတို့/သည် တတ်နိုင်/သမျှ/အတိုင်း ပေးကမ်းသည်/သာမက မိမိတို့/ဆန္ဒ/အလျောက် ထို/ထက်/ပင် ပို၍ ပေးကမ်းကြကြောင်း ကျွန်ုပ်/သက်သေခံ၏။ 4 သူတို့/သည် ဂျေရုဆလင်မြို့/ရှိ ယုံကြည်သူတို့a/အား ပေးကမ်းသည့်/အမှု/တွင် ပါဝင်ခွင့်/ရ/ရန် ကျွန်ုပ်တို့/အား အနူးအညွတ်/မေတ္တာရပ်ခံကြ၏။ 5 ထိုသို့ သူတို့/သည် ကျွန်ုပ်တို့ မျှော်လင့်သည်/ထက် ပိုပြုကြ၏။ သူတို့/သည် ဦးစွာ ဘုရားသခင်/ထံ မိမိကိုယ်ကိုယ် ဆက်ကပ်/လှူဒါန်း/ပြီးနောက် ဘုရားသခင်/၏ အလိုတော်/အားဖြင့် ကျွန်ုပ်တို့/ထံ၌/လည်း ဆက်ကပ်/လှူဒါန်းကြ၏။
6 ထို့ကြောင့် တိတု/သည် သင်တို့/အထဲ/၌ ဤ/လှူဒါန်းခြင်း/ကို စတင်/ဆောင်ရွက်ခဲ့သည့်/အားလျော်စွာ ပြီးမြောက်/အောင် ဆောင်ရွက်/နိုင်ရန် သူ့/အား ကျွန်ုပ်တို့/တိုက်တွန်းခဲ့၏။ 7 သင်တို့/သည် ယုံကြည်ခြင်း၊ ဟောပြောခြင်း၊ အသိပညာ/ရှိခြင်း၊ စိတ်အားထက်သန်မှု/အပြည့်/ရှိခြင်း နှင့် သင်တို့/အထဲ/၌ ကျွန်ုပ်တို့/လှုံ့ဆော်ပေးခဲ့သော ချစ်ခြင်း စသည့် အချက်တို့/၌ ကြွယ်ဝကြ/သကဲ့သို့ ဤ/လှူဒါန်းခြင်း/၌လည်း ကြွယ်ဝကြပါစေ။
8 ဤ/သည်/မှာ ကျွန်ုပ်/သည် သင်တို့/ကို အမိန့်ပေးနေခြင်း/မဟုတ်။ သို့သော် သင်တို့/၏ ချစ်ခြင်းမေတ္တာ/စစ်မှန်မှု/ကို အခြားသူတို့/၏ စိတ်အားထက်သန်မှု/နှင့် နှိုင်းယှဉ်/၍ စစ်ဆေးခြင်း/သာ/ဖြစ်၏။
9 ကျွန်ုပ်တို့/သခင်/ယေရှု/ခရစ်တော်/၏ ကျေးဇူးတော်/ကို သင်တို့/သိကြ၏။ ကိုယ်တော်/သည် ချမ်းသာ/သော်လည်း သင်တို့/၏ အကျိုး/ကို/ထောက်/၍ ဆင်းရဲ/ခံတော်မူ၏။ ထိုသို့/ဆင်းရဲ/ခံတော်မူခြင်း/မှာ သင်တို့ ချမ်းသာလာ/စေရန် ဖြစ်၏။
10 ဤ/အမှု/နှင့်/ပတ်သက်၍ သင်တို့/အတွက် ကျွန်ုပ် အကောင်းဆုံး အကြံ/ပေးမည်။ လွန်ခဲ့သော/နှစ်/က သင်တို့/သည် ဤ/အမှု/ကို အစပြုခဲ့သည်/သာမက ပြုလုပ်/ရန်လည်း ဆန္ဒ/ရှိခဲ့ကြ၏။ 11 သို့ဖြစ်၍ သင်တို့/အစပြုခဲ့သည့်/အရာ/ကို ပြီးမြောက်/အောင် ဆောင်ရွက်ကြလော့။ ဆောင်ရွက်/ရန် ဆန္ဒ/ပြင်းပြခဲ့ကြ/သကဲ့သို့ ဆောင်ရွက်ရာ/တွင်/လည်း စေတနာစိတ်/ရှိကြလော့။ သင်တို့/တတ်နိုင်သမျှ/ကို လှူဒါန်းကြလော့။ 12 သင်တို့/လှူဒါန်း/ရန် စေတနာစိတ်/ရှိလျှင် ဘုရားသခင်/သည် သင်တို့/၌ မရှိသော/အရာ/ကို မထောက်ဘဲ ရှိသော/အရာ/ကို ထောက်/၍ သင်တို့/၏ လှူဒါန်းခြင်း/ကို လက်ခံတော်မူ/လိမ့်မည်။
13 သင်တို့/၏ လှူဒါန်းခြင်း/သည် အခြားသူတို့/အတွက် သက်သာစေ/၍ သင်တို့/အတွက်/မှာမူ ခက်ခဲ/စေရန် ကျွန်ုပ်/မဆိုလိုပါ။ တန်းတူညီမျှ/ဖြစ်စေရန်/သာ ဆိုလို၏။ 14 လက်ရှိ/အချိန်/တွင် သင်တို့/၏ ကြွယ်ဝမှု/သည် သူတို့/၏ လိုအပ်မှု/ကို ဖြည့်ဆည်း/ပေးမည်/ဖြစ်/သကဲ့သို့ နောင်တစ်ချိန်/တွင် သူတို့/၏ ကြွယ်ဝမှု/သည် သင်တို့/၏ လိုအပ်မှု/ကို ဖြည့်ဆည်း/ပေးနိုင်မည်/ဖြစ်၏။ ဤ/နည်း/ဖြင့် တန်းတူညီမျှ/ဖြစ်စေ/လိမ့်မည်။ 15 ကျမ်းစာ/၌
“များများ/ရသောသူ မပို၊
နည်းနည်း/ရသောသူ မလို”b
ဟု ရေးသားထားသည့်/အတိုင်း ဖြစ်၏။
တိတု/နှင့် သူ/၏ အပေါင်းအဖော်များ
16 သင်တို့/အား ကူညီ/ရန် ကျွန်ုပ်/၌/စိတ်အားထက်သန်မှု/ရှိ/သကဲ့သို့ တိတု/၌လည်း ရှိစေတော်မူသော ဘုရားသခင်/ကို ကျေးဇူးတင်ပါ၏။ 17 သူ/သည် ကျွန်ုပ်တို့ တိုက်တွန်းသည်/ကို လက်ခံသည်/သာမက သူ/ကိုယ်တိုင်/က အလွန်/စိတ်အားထက်သန်/လျက် မိမိ/ဆန္ဒ/အလျောက် သင်တို့/ထံသို့ လာ၏။ 18 တိတု/နှင့်အတူ အခြား/ညီအစ်ကို/တစ်ဦး/ကိုလည်း ကျွန်ုပ်တို့/စေလွှတ်လိုက်ပါ၏။ ထို/ညီအစ်ကို/သည် သတင်းကောင်း/ကို ဟောပြောရာ/တွင် အသင်းတော်တို့/၌ ချီးမွမ်းခံရသောသူ/ဖြစ်၏။ 19 ထို့ပြင် ကျွန်ုပ်တို့/ကောက်ခံ/ဆောင်ရွက်နေသော အလှူငွေ/ကို သယ်ယူပို့ဆောင်ပေးသည့်/အမှု/၌ ကျွန်ုပ်တို့/နှင့်အတူ ခရီးပြု/ရန် အသင်းတော်များ/၏ ရွေးချယ်/ခန့်ထားခြင်း/ခံရသူ/လည်း ဖြစ်၏။ ဤ/အလှူငွေ/ကောက်သည့်/အမှု/မှာ ဘုရားသခင်/၏ ဘုန်းတော်/ကို ထင်ရှား/စေရန်/နှင့် ကျွန်ုပ်တို့/၏ စေတနာစိတ်/ကို ပြ/ရန်/ဖြစ်၏။
20 ဤသို့ ရက်ရော/စွာ လှူဒါန်းကြသော အလှူငွေ/ကို ကိုင်တွယ်/စီမံခြင်း/နှင့်/ပတ်သက်၍ ကျွန်ုပ်တို့/ကို မည်သူမျှ အပြစ်မတင်/စေရန် ကျွန်ုပ်တို့/သတိ/နှင့် ဆောင်ရွက်/လျက် ရှိကြ၏။ 21 ကျွန်ုပ်တို့/သည် သခင်ဘုရား/ရှေ့တော်/၌ သာမက အခြား/သူတို့/ရှေ့/၌လည်း မှန်သော/အရာ/ကို လုပ်ဆောင်/ရန် ရည်ရွယ်ကြ၏။
22 ထို/သူတို့/နှစ်ယောက်/နှင့်အတူ နောက်ထပ်/ညီအစ်ကို/တစ်ဦး/ကိုလည်း ကျွန်ုပ်တို့/စေလွှတ်လိုက်၏။ ထို/သူ/အား အကြိမ်ကြိမ် စိစစ်ကြည့်/ရာ သူ/သည် ကူညီ/ရန် အစဉ်/စိတ်အား/ထက်သန်ကြောင်း ကျွန်ုပ်တို့/တွေ့ရှိရ၏။ သူ/သည် သင်တို့/အပေါ် ယုံကြည်မှု/ရှိသောကြောင့် ယခု ပို၍/ပင် စေတနာ/စိတ်အားထက်သန်/လျက်/ရှိ၏။ 23 တိတု/အကြောင်း/နှင့် ပတ်သက်၍ ပြောရ/လျှင် သူ/သည် သင်တို့/ကို ကူညီ/ရန် ကျွန်ုပ်/နှင့်အတူ လုပ်ဆောင်သော ကျွန်ုပ်/၏ လုပ်ဖော်ကိုင်ဖက်/တစ်ဦး/ဖြစ်သည်/ဟု ဆိုရပေမည်။ သူ/နှင့်အတူ/ပါရှိသော အခြား/ညီအစ်ကိုများ/မှာ ခရစ်တော်/၏ ဘုန်းတော်/ဖြစ်သော အသင်းတော်တို့/၏ ကိုယ်စားလှယ်များ/ဖြစ်ကြ၏။ 24 ထို့ကြောင့် သင်တို့/၏ ချစ်ခြင်းမေတ္တာ/ကို သူတို့/အား ပြ/၍ သင်တို့/အကြောင်း ကျွန်ုပ်တို့ ကြွားဝါထားသော/အရာများ/ကို အသင်းတော်များ ရှေ့/၌ သက်သေပြကြလော့။